version အသစ်ကိုထပ်မံတင်ပေးလိုက်ပါတယ်။ ဒီ version မှာတော့ ပထမ version
0.1 မှာတုန်းက Error အနည်းငယ်ကိုပြန်လည်ပြင်ဆင်ပေးထားပါတယ်။ Root
လုပ်စရာမလို မြန်မာ Font သွင်းစရာမလိုဘဲ Android ဖုန်း/Tablet ထဲမှာ
Facebook သုံးတာတို့ Website ကြည့်တာတို့မှာ မြန်မာစာ နဲ့မြင်ရစေမယ့် 1st
Myanamr Browser ရဲ့ update version 0.2 ကိုထပ်မံတင်ပေးလိုက်ပါတယ်။
iPhone/iPad တွေမှာ Jailbreak လုပ်စရာမလိုဘဲ မြန်မာစာမြင်ရစေတဲ့ မြန်မာ
Browser တွေအများကြီးရှိပေမယ့် Android အတွက်တော့ ဒီ application လေးက
ပထမဆုံးဖြစ်ပါတယ်။ ဒီ Browser လေးက ဇော်ဂျီဖောင့်နဲ့ Win-Innwa
ဖောင့်နှစ်မျိုးကို Support လုပ်ပါတယ်။
အခု Update Version 0.2 မှာပြင်ဆင်ပေးထားတဲ့အချက်တွေကို Developer ကိုထင်အောင်က အောက်ပါအတိုင်းပြောပြခဲ့ပါတယ်။
“အရင် version မှာ javascript ကြောင့် တစ်ခါတစ်လေ
Crash ဖြစ်သွားတာကိုပြန်လည်ပြင်ပေးထားပါတယ်။။ နောက်တစ်ခုက Multi Tab
ဖွင့်ပြီး Loading လုပ်နေရင်း တခြား Tab တစ်ခုကိုပြောင်းလိုက်ရင် ပထမ Tab
မှာ Font မပေါ်တော့တာကိုလည်း ပြင်ဆင်ပေးထားပါတယ်။ Forum တွေကို Login
ဝင်တဲ့အခါမှာ Cache ကြောင့် Login ၀င်ထားသော်လည်း Sign-in
စာမျက်နှာကိုပဲပြန်ရောက်နေတဲ့ error များကို ပြန်လည်ပြင်ဆင်ပေးထားတာပါတယ်။ “
ဒီ Browser လေးနဲ့Facebook သုံးရာမှာလည်း Root လုပ်စရာမလို ၊ ဘာမြန်မာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာလိုမြင်နိုင်တာကိုတွေ့ရမှာပါ။
Website တွေကိုကြည့်ရာမှာလည်း မြန်မာစာကိုအဆင်ပြေပြေမြင်နိုင်တာကိုတွေ့ရပါတယ်။
Flash ကိုအထောက်အပံပေးနိုင်ခြင်း နဲ့ တခြား browser နဲ့ကြည့်ရှုထားတဲ့
Browser Bookmarks တွေကို ဒီ Browser ထဲမှာ import
လုပ်ပြီးကြည့်နိုင်ခြင်းဟာလည်း တော်တော်ကောင်းမွန်တဲ့အချက်တွေပဲဖြစ်ပါတယ်။
Android OS ဖုန်း/Tablet တွေကိုအသုံးပြုနေကြတဲ့ မြန်မာ Android User
များအတွက် သတင်းကောင်းတစ်ခုပါပဲ။ 1st Myanmar Browser
ကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာရယူနိုင်ပါတယ်။
1st Myanmar Browser v0.2 for Android အားရယူရန်
(Download Link ကိုနှိပ်ရာတွင် အောက်ပုံအတိုင်းပေါ်လာပါက Skip Ad ကိုနှိပ်ပြီး download လုပ်ပါ။)
အောက်က link တွေကနေလည်း download ရယူနိုင်ပါတယ်။
1st Myanmar Browser v0.2 for Android အားရယူရန် (MediaFire Link)
1st Myanmar Browser v0.2 for Android အားရယူရန်(Ziddu Link)
1st Myanmar Browser v0.2 for Android အားရယူရန်(iFile Link)
1st Myanmar Browser v0.2 for Android အားရယူရန်(ZShare Link