ဒီ app လေးကတော့ Root လုပ်ထားတဲ့ Android ဖုန်းတွေမှာ လွယ်ကူစွာ screen shot ဖမ်းဖို့ အကောင်းဆုံး application လေးပါ။

Screen shoot ဖမ်းတဲ့ application ကို အသုံးပြုဖို့ screen-shot နဲ့ ရှင်းမပြနိုင်တာနားလည်ပေးကြပါ။
တချို့ဖုန်းတွေမှာ screenshot ဖမ်းဖို့ လွယ်ကူပေမဲ့ မလွယ်ကူတဲ့ ဖုန်းတွေအတွက်တင်ပေးလိုက်ပါတယ်။
ဒီ Application လေးကို အသုံးပြုပုံကလဲ ရိုးရှင်းလှပါတယ်။
install လုပ်ပြီး application ထဲဝင်လိုက်ပါ။
ဒါဆိုရင် သူက reject နဲ့ accept ဆိုပြီး မေးပါလိမ့်မယ်။
accept ထဲကို ၀င်လိုက်ရင် Quite နဲ့ Hide ဆိုတာ ထပ်မေးပါမယ်။
hide လုပ်ပြီးရင် မိမိ screenshot ဖမ်းလိုတဲ့ နေရာကိုသွားပါ။
ပြီးရင် ဖုန်းလေးကို Shake(လှုပ်ရမ်းလိုက်ရုံပါပဲ)…
ကင်မရာ shutter သံလေးမြည်ပြီးရင် gallery ထဲမှာ shootme ဆိုတဲ့ folder နဲ့ မိမိရိုက်ခဲ့တဲ့ပုံလေးကို တွေ့ရပြီဖြစ်ပါတယ်။
ဖုန်းလေးကို shake မလုပ်ဘဲ အခြားနည်းတွေနဲ့လည်းရိုက်နိုင်ပါတယ်။အောက်မှာပြထားတဲ့ ပုံထဲမှာပါတဲ့ setting တွေထဲက အတိုင်းစိတ်ကြိုက်ပြင်နိုင်ပါတယ်။

ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါတယ်။
ရယူရန်>>>