/* Flying Css3 menu www.bloggertrix.com*/
ကိုကို(နည်းပညာ)မှကြိုဆိုပါတယ် လေ့လာခဲ့သမျှကို ပြန်လည်မျှဝေတာပါ
RSS

UnHide Software အားလုံးဆောင်ထားသင့်တယ်


ကွန်ပျူတာတွေမှာ ဗိုင်းရပ်အကိုက်ခံရပြီးနောက်ပိုင်းမှာData ပျောက်ကွယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ထည့်ထားတဲ့ DATA တွေမတွေ့ရတော့တဲ့အခါ စိတ်ညစ်ပြီး Viurs ကင်းသွားအောင်ဆိုပြီး format ပြုလုပ်ဖို့တော့ မစဉ်းစားလိုက်ပါနဲ့ အမှန်တကယ်တမ်းက Virus တွေဟာ များသောအားဖြင့် DATA တွေကို Hidden File အဖြစ်ပြောင်းလဲလိုက်ပါတယ်။ ပြီးတော့ မိမိ DATA တွေအစား အမည်တူ Virus တွေကိုတည် ဆောက်လိုက်ကြပါတယ်။ အသုံးပြုသူက မသိလို့ သွားပြီး ဖွင့်မိတဲ့အခါမှာတော့ User ရဲ့ ခွင့်ပြုချက်နဲ့ Virus တွေကို Run ခွင့် ပြုလိုက်သလို ဖြစ်သွားပါတယ်။ ဒါဆိုရင်တော့ အခြေအနေတော်တော် ဆိုးသွားပါပြီ။ Window ရဲ့ .exe တွေကိုလိုက်ပြီး ပူးနေရင်တော့ ပြသနာက စပါပြီ။ ကွန်ပျူတာ အသုံးပြုသူတွေ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အမှားလေးကိုပြောပြချင်ပါတယ်။ Virus ကို Run ပြုလုပ်မိသွားမှ သတိထားမိပြီး ငါ့ကွန်ပျူတာ တော့ Virus ကိုက်ပါပြီဆိုပြီး Antivirus တွေထပ်တင် Update တွေလုပ် ပြီးတော့ Full Scan နဲ့စစ်ချလိုက်ပါရော။ အဲဒီအခါမှာ Virus တွေပါဝင်ရောနေတဲ့ Window ရဲ့ System file တွေ exe တွေ အားလုံးကို Antivirus က Virus အဖြစ်နဲ့ မြင်ပြီး Virus ပေါင်း ထောင်နဲ့ သောင်းနဲ့ချီ ကိုက်နေသလိုမျိုး ပြတတ်ပါတယ်။ Full Scan စစ်လို့မပြီးခင်မှာပဲ Window ဟာ Restart ဖြစ်ပြီး ပြန်မတက်လာနိုင်တဲ့ ဘ၀မျိုးကို ခဏခဏ ရောက်ကျရပါတယ်။ Recycler, Copy Shortcut လို Virus မျိုးတွေဟာ DATA တွေကို Hidden File , Folder အဖြစ် ပြောင်းလည်းပစ်ကြပါတယ်။ အဲလိုဖြစ်သွားတဲ့
Hidden ဖိုင်တွေကို Unhide ပေါ်ကိုဆွဲတင်လိုက်တာနဲ့ အရင်အတိုင်းပြန်ကောင်းသွားစေပါမယ်။
Unhide Software ကို RAR ဖြေတဲ့အခါ password တောင်းပါမယ် saithantsin လို့ ရိုက်ထည့်ပေးလိုက်ပါ။
Filefactory Zippy 
 password ... saithantsin( RAR ဖြေတဲ့အခါ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS