/* Flying Css3 menu www.bloggertrix.com*/
ကိုကို(နည်းပညာ)မှကြိုဆိုပါတယ် လေ့လာခဲ့သမျှကို ပြန်လည်မျှဝေတာပါ
RSS

KJ121026 - Windows 8 Activatorနှင့် (အသုံးပြုပုံ)

အီးတီ    11 December 2012 00:38
Install လုပ်မှာလား မေးတော့ ကီးဘုတ်မှ Y ကီးကို နှိပ်လိုက်ပါတယ် ဒါပေမယ့် ဘာမှထပ်မကျလားဘူး ဖြစ်နေတယ် update လဲ ပိတ်ထားတယ် အင်တာနက်လဲ ပိတ်ထားတယ် အကြိမ်ကြိမ်အခါခါလုပ်ကြည့်တယ် မရဘူး ဖြစ်နေတယ်ဗျာ အဲဒါ ဘယ်လို ဆက်လုပ်ရင်ကောင်းမလဲ အကြံပေးပါဦးဗျာ 
ဒီ Comment လေးကတော့ အရင်တင်ပေးထားခဲ့တဲ့ Windows 8 Activator ပိုစ့်မှာ ရေးထားခဲ့တဲ့ ကိုအီးတီရဲ့ Comment လေးပါ.. ဒီိနေ့တင်ပေးလိုက်တဲ့ Windows 8 Activator က နောက်တမျိုးပါ..။
ဒီကောင်လေးကတော့ ကျနော့်ဆရာဆီရောက်တုန်းက တောင်းလာတဲ့ Windows 8 Activator လေး.. ကျနော်အရင်တင်ပေးထားတဲ့ Windows 8 Activator က တချို့ Windows 8 ဗါးရှင်းတွေမှာ အလုပ်မလုပ်နိုင်ပါဘူး.. အဲ့ဒါကိုလည်း နောက်ပိုင်းမှ သိလာရတာပါ.. စသုံးတုန်းကတော့ ကျနော့်ဆီမှာ အဆင်ပြေလို့ တင်ပေးထားတာပါ.. နောက်ပိုင်းတော့ သူငယ်ချင်း အများစုက တချို့ဗါးရှင်းတွေမှာ အလုပ်မလုပ်တဲ့အကြောင်း ပြောလာကြလို့ နောက်ပိုင်းရထားတဲ့ထဲက စမ်းနေတာလည်း အဆင်မပြေ၊ အခုတော့ ကျနော့်ဆရာပေးလိုက်တဲ့ ဒီ Activator လေးနဲ့ အဆင်ပြေနေပြီ..။ သူငယ်ချင်း တစ်ယောက်စက်ကို Windows 8 တင်ပေးပြီး ဒီကောင်လေးနဲ့ လုပ်ပြထားတာပါ..။  ဒီ Activator တခုတည်းနဲ့ Windows 8 မှာ လိုအပ်တာလေးတွေ တော်တော်များများ သုံးလို့ရပါတယ်.. Windows 7 စတိုင် Gadgets တို့၊ Start Menu အတွက် 7 Style UI တို့၊ စက်ပိတ်ဖွင့် အလွယ်သုံး ShutDown Windows စတာတွေကို Desktop မှာ Right Click တချက်တောက်လိုက်တာနဲ့ အမြန်ဆုံး လုပ်ဆောင်လို့ ရသွားပါပြီ..။ အောက်မှာ ကျနော် သုံးထားတာလေးကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်.. Windows 8 အတွက် လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 31.4 MB ရှိပါတယ်.. ဒီဖိုင်ကို ဒေါင်းလော့ချနည်းပိုစ့်ထဲက နည်းအတိုင်း ဒေါင်းယူရမှာပါ.. ဒေါင်းလော့မယူတတ်သေးတဲ့ သူများကလည်း အဲ့ဒီ ဒေါင်းလော့ချနည်းပိုစ့်ကို အရင်နားလည်အောင် ကြည့်ထားလိုက်ရင် နောက်ပိုင်း ဒေါင်းလော့ယူတာကို အလွယ်လေး အဆင်ပြေသွားပါလိမ့်မယ်..
ဒေါင်းလော့လင့် ယူရမယ့် စာမျက်နှာကို ရောက်တဲ့အခါ ပါတ်စ်ဝါဒ့်တောင်းရင် http://lwinminbo.blogspot.com/ ကို ထည့်ပေးလိုက်ပါ..။ copy-paste နဲ့ ထည့်ပါ..။

 အောက်ကပုံကတော့ ဒီ Activator ကို မသုံးရသေးခင် မြင်နေရတဲ့ စာသားပါ.. အောက်မှာ ဒီကောင်လေးကို အဆင့်ဆင့်သုံးသွားတာကို ဆက်ကြည့်လိုက်ပါဗျာ..


ဒီကောင်လေးကို ဒေါင်းယူပြီးတဲ့အခါ ၂ချက်တောက်ပြီး ဖွင့်ပါ.. အောက်ကပုံအတိုင်း ခဏစောင့်ပေးလိုက်ပါ..။


ပြီးရင်တော့ English ကို ရွေးပြီး ပုံမှာ ပြထားတဲ့အတိုင်း Windows 8 + Server 2012 နေရာကို နှိပ်ပါ..။


အရင်ဆုံး ဝင်းဒိုးကို Active ဖြစ်အောင် လုပ်မှာဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း နှိပ်ပေးလိုက်ပါ..။


ဒီအောက်ကပုံတွေအတိုင်း ပေါ်လာရင် ဘာမှ မနှိပ်ပါနဲ့.. ထိုင်ကြည့်နေလိုက်ပါ.. သူ့ဖါသာအလုပ်လုပ် နေပါပြီ..။



ပြီးရင်တော့ Succefull ဖြစ်သွားတဲ့ အခါ ဝင်းဒိုးက Sing in / Sign Out နဲ့ ပြန်ဝင်ဖို့.. ဝင်းဒိုး Lock ချလိုက်သလို ပေါ်လာပါလိမ့်မယ်.. ပြန်ဝင်လိုက်ရင် အောက်ကပုံအတိုင်း ညာဘက် အောက်ခြေနားမှာ စာသားပျောက်ပြီး ဝင်းဒိုး Actived ဖြစ်သွားပါပြီ..


အောက်ကဘောစ်တွေ တခုပြီးတခု ပေါ်လာတဲ့အခါ OK >> Ok သာ နှိပ်ပေးလိုက်ပါ..



အောက်ကပုံကတော့ ဝင်းဒိုး Actived ဖြစ်သွားပါပြီ..


OK ပေးလိုက်ပါ.. အောက်ကပုံကတော့ ကျနော် ဒီကောင်လေးကို အသုံးပြုတဲ့ အချိန်မှာ  အင်တာနက်လိုင်းပိတ်ပြီး လုပ်တယ်ဆိုတာ သိရအောင်လို့ ပြပေးထားတာပါ..။


ဒီ Activator ရဲ့ KJ Starter ရှော့ကပ်လေး Desktop မှာ ပေါ်နေပါပြီ..။ ကျနော်  Gadgets တို့၊ Start Menu အတွက် 7 Style UI တို့၊ စက်ပိတ်ဖွင့် အလွယ်သုံး ShutDown Windows တို့ကို ထည့်မှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း ရှော့ကပ်ကို ၂ချက်တောက်ဖွင့်ပြီး ဆက်လုပ်ပါတယ်.. အနီပြထားတဲ့ နေရာတွေမှာ တချက်စီ ကလစ်ပေးပြီး.. Next >> OK ဆက်နှိပ်ပေးလိုက်ရင် ကျနော်တို့ လိုချင်တဲ့ Windows 7 စတိုင်လေး Windows 8 မှာ သုံးလို့ ရသွားပါပြီ..။ အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..




Desktop မှာ Right Click ထောက်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်နေပါပြီ..။ တခုချင်းစီ အောက်မှာ ဖွင့်သုံးပြထားပါတယ်..။



အောက်ကပုံကတော့ Start Menu ဖေါ်ထုတ်တာပါ..။ Desktop မှာ Right Click ထောက်ပြီး ထုတ်ရင်လည်း ရပါတယ်..။ ဒီပုံကတော့ နောက်တမျိုးပြပေးလိုက်တာပါ...


ဝင်းဒိုးထဲမှာ VGA ဂရပ်ဖစ် Driver ပျောက်နေလို့ Sleep ပါပျောက်နေတာပါ.. ဒီဝင်းဒိုးကို Driver တွေပြန်ထည့်ရအုန်းမှာပါ..။ ဒီပိုစ့်မှာတော့ Start Menu ကိုပဲ ဖေါ်ပြပေးလိုက်တာ ဖြစ်ပါတယ်..။


Shut down / Sleep / Restart ကို အောက်ကပုံအတိုင်း Right Click ကနေပဲ သွားလိုက်ပါတယ်..


 ဒီအောက်ကပုံတွေကို မနေ့ကတင်ပေးလိုက်တဲ့ Hyper Snap ဆော့ဝဲလ်နဲ့ ရိုက်ယူထားလို့ မောက်စ်မျှားလေးပါ ပေါ်နေတာပါ.. ဒါကြောင့် အနီရောင် ဝိုင်းမပြတော့ပါဘူး.. မောက်စ်မျှားလေးတွေ ကြည့်ပြီး နားလည်လိမ့်မယ်ထင်ပါတယ်.. ကျနော်လည်း အလုပ်ရှုပ် သက်သာသွားတာပေါ့ဗျာ..




ဒါဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်သွားပါပြီ.. ဒီဆော့ဝဲလ်ထဲမှာ တခြားအသုံးတည့်တာတွေ အများကြီး ရှိပါသေးတယ်.. မိမိတို့ ကိုယ်တိုင်သာ ရှာဖွေပြီး ထုတ်သုံးကြပါဗျာ.. အားလုံးပဲ လုပ်တတ်၊ကိုင်တတ်၍ အဆင်ပြေကြပါစေ..

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS