သူမသာနှင်းဆီတခင်းဖြစ်ရင်
ကျွန်တော်ကဆူးတချောင်းဖြစ်ခွင့်ရချင်သည်
သူမသာအိပ်မက်တခုဖြစ်လျှင်
ကျွန်တော်ကအတွေးတခုဖြစ်ခွင့်ရချင်သည်
သူမသာအနမ်းတခုဖြစ်ရင်
ကျွန်တော်ကနှုတ်ခမ်းတစုံဖြစ်ခွင့်ရချင်သည်
စိတ်ကောက်တတ်သောနှုတ်ခမ်းတစုံအတွက်
အားမလိုအားမရရိုက်တတ်သောလက်တစုံအတွက်
အပြစ်မြင်တတ်တဲ့မျက်ဝန်းတစုံအတွက်
ဘာမှဖြစ်ခွင့်မရှိရင်တောင်
ငါ့မှာလွမ်းနေခွင့်ရှိတယ်
ကောင်မလေးရေ....
နင့်ကိုလွမ်းတိုင်းသာပန်းတပွင့်ပွင့်ရင်
နင်နဲ့ငါကြား
ဧဒင်ဥယျာဉ်တခုဖြစ်လောက်ရဲ့
ချစ်ခြင်းအားဖြင့်......